01

Software
EngineeringFundamental Course

Programming ကို အခြေခံမှ စတင်သင်ကြားသည့် သင်တန်းဖြစ်ပြီး ကွန်ပျူတာအခြေခံရှိသူ မည်သူမဆို တက်နိုင်သည်။ လေ့လာရ လွယ်ကူယုံသာမက လက်တွေ့အသုံးဝင်သော ခေတ်ပေါ် JavaScript နည်းပညာများကို အသုံးပြု သင်ကြားသည်။ သင်တန်းပြီးဆုံးပါက Business Solution, Web, Mobile စသဖြင့် မိမိနှစ်သက် ဝါသနာပါရာ ကဏ္ဍကို ဆက်လက်၍ အထူးပြု လေ့လာသွားရန် လုံလောက်သည့် အခြေခံများ အခိုင်အမာ ရရှိသွားမည် ဖြစ်သည်။

ခေတ်သစ် Programming ရေးထုံးများဖြစ်သော Promise, Async, Prototype စသည်တို့မှ အစပြု၍ အောက်ပါ အကြောင်းအရာများ ပါဝင်သည်။

  • Computational Thinking
  • Types Theory
  • Data Structure
  • DOM API
  • File System
  • Database
  • Network Programming
  • Object-Oriented Programming
  • And more...

ကွန်ပျူတာအခြေခံရှိသူ မည်သူမဆို တက်ရောက်နိုင်သည်။

ဖေဖော်ဝါရီ(၄) အတန်းသစ်စမည်

စနေ - တနင်္ဂနွေ နေ့လည် (၁) နာရီမှ (၃) နာရီ

သင်တန်းကာလ (၃) လ၊ သင်တန်းကြေး (၁) သိန်းခွဲ

ဆက်သွယ်ရန် ၀၉ ၇၃၁ ၆၅၉ ၆၂

02

Professional
Graphic & WebDesign Course

Graphic Design နှင့် Web Design တို့ကို အခြေခံမှစ၍ ကျွမ်းကျင်စွာ ရေးဆွဲတက်သည်အထိ သင်ကြားသည့် သင်တန်းဖြစ်သည်။ ကွန်ပျူတာ အခြေခံရှိသူ မည်သူမဆို တက်နိုင်သည်။ Print Media Design သာမက၊ Web Design နှင့် User Interface Design များကိုပါ ထည့်သွင်း သင်ကြားပေးသည်။ လက်တွေ့အသားပေး သင်တန်းဖြစ်ပြီး သင်တန်းပြီးဆုံးပါက Professional Designer တစ်ဦးအဖြစ် ရပ်တည်ရန် လိုအပ်သည့် ကျွမ်းကျင်မှုများကို ရရှိသွားမည် ဖြစ်သည်။

Design အမြင် ပွင့်လင်းစေရန် အထောက်အကူပြုသည့် လက်တွေ့နမူနာ များစွာနှင့်အတူ အောက်ပါ အကြောင်းအရာများ ပါဝင်မည်ဖြစ်သည်။

  • Adobe Photoshop
  • Adobe Illustrator
  • Color Theory
  • Typography
  • Grid Layout Design
  • Patterns
  • UI/UX Design
  • Web Design
  • And more ...

ကွန်ပျူတာအခြေခံရှိသူ မည်သူမဆို တက်ရောက်နိုင်သည်။

ဖေဖော်ဝါရီ(၄) အတန်းသစ်စမည်

စနေ - တနင်္ဂနွေ နံနက် (၁၀) နာရီမှ နေ့လည်(၁) နာရီ

သင်တန်းကာလ (၃) လ၊ သင်တန်းကြေး (၁) သိန်းခွဲ

ဆက်သွယ်ရန် ၀၉ ၇၃၁ ၆၅၉ ၆၂

03

Professional
Web Developer Course

PHP/MySQL နှင့်တစ်ကွ HTTP, HTML5, jQuery, Ajax, MVC စသည့် Web Development နည်းပညာများကို စာတွေ့လက်တွေ့ စုံလင်အောင် သင်ကြားသည့် သင်တန်း ဖြစ်သည်။ Programming အခြေခံရှိသူများ တက်နိုင်သည်။ သင်တန်းပြီးဆုံးပါက Professional Web Developer တစ်ဦးအဖြစ် လုပ်ငန်းခွင် ဝင်နိုင်ရန် လိုအပ်သည့် လက်တွေ့ကျွမ်းကျင်မှုနှင့် နည်းပညာဗဟုသုတများ မျှတစွာ ရရှိသွားမည် ဖြစ်သည်။

Profession Web Developer ခေါ် ထင်ရှားသည့် စာအုပ်ကို ရေးသားပြုစုခဲ့သူ စာရေးသူ ကိုယ်တိုင် သင်ကြားသည့် သင်တန်းဖြစ်ပြီး အောက်ပါအကြောင်းအရာများ ပါဝင်သည်။

  • Web Standards
  • HTML5
  • CSS3
  • JavaScript
  • PHP / MySQL
  • jQuery / Ajax
  • MVC / Laravel
  • Mobile Web
  • Web App Security
  • And more ...

SOFTWARE ENGINEERING FUNDAMENTAL ပြီးထားသူ (သို့) PROGRAMMING အခြေခံ ရှိထားပြီးသူများ တက်ရောက်နိုင်သည်။

ဇန်နဝါရီ(၇) အတန်းသစ်စမည်

စနေ - တနင်္ဂနွေ မနက် (၈) နာရီမှ (၁၀) နာရီ

သင်တန်းကာလ (၃) လ၊ သင်တန်းကြေး (၁) သိန်းခွဲ

ဆက်သွယ်ရန် ၀၉ ၇၃၁ ၆၅၉ ၆၂

04

Rockstar
DeveloperCourse

NodeJS, MongoDB စသည့် ခေတ်ပေါ် Development နည်းပညာများနှင့်အတူ Git, SCRUM, Build Automation စသည့် Project Management နည်းပညာများ၊ Nginx, Docker စသည့် Back-end Architecture ပိုင်းဆိုင်ရာ အဆင့်မြင့် နည်းပညာများကို သင်ကြားပေးသည့် သင်တန်း ဖြစ်သည်။ Web Development လက်တွေ့ အတွေ့အကြုံ ရှိပြီးသူများ တက်နိုင်သည်။ သင်တန်းပြီးဆုံးပါက Full-stack Developer ခေါ် စွယ်စုံရ Developer များ ဖြစ်လာမည်ဖြစ်သည်။

Rockstar Developer ခေါ် ထင်ရှားသည့် စာအုပ်ကို ရေးသားပြုစုခဲ့သူ စာရေးသူကိုယ်တိုင် သင်ကြားသည့် သင်တန်းဖြစ်ပြီး အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။

  • Project Management
  • Service-oriented Architecture
  • SOLID Design Principle
  • Git SCM
  • Build Automation
  • NodeJS
  • MongoDB
  • ExpressJS
  • Server Architecture
  • And more ...

PROFESSIONAL WEB DEVELOPER သင်တန်း ဆင်းထားသူများ တက်ရောက်နိုင်သည်။

အတန်းသစ်စမည့်ရက် မကြာမီကြေငြာပေးမည်

အတန်းသစ်အတွက် အချိန် မကြာမီကြေငြာပေးမည်

သင်တန်းကာလ (၃) လ၊ သင်တန်းကြေး (၂) သိန်းကျပ်

ဆက်သွယ်ရန် ၀၉ ၇၃၁ ၆၅၉ ၆၂

05

Professional
AndroidDeveloper Course

Android Mobile App များကို Device API များလက်တွေ့ အသုံးချတည်ဆောက်ခြင်းမှ အစပြု၍ လိုအပ်သည့် Back-end API နှင့် ချိတ်ဆက်ခြင်း အပါအဝင် Play Store တွင် ဖြန့်ဝေခြင်းအထိ အစမှအဆုံး လေ့ကျင့်သင်ကြားပေးသည်။ Programming အခြေခံရှိသူများ တက်ရောက်နိုင်သည်။ သင်တန်း ပြီးဆုံးပါက Profession Android App Developer တစ်ဦးအဖြစ် လုပ်ငန်းခွင်ဝင်နိုင်ရန် လိုအပ်သည့် နည်းပညာကျွမ်းကျင်မှုများကို ရရှိသွားမည် ဖြစ်သည်။

အောက်ပါ အကြောင်းအရာများ ပါဝင်မည်ဖြစ်ပြီး သင်တန်းကာလအတွင်း လက်တွေ့အသုံးဝင်သည့် App များကို သင်တန်းသားများနှင့်အတူ ဖန်တီး တည်ဆောက်သွားမည် ဖြစ်သည်။

  • Introducing Java
  • Essential Design Patterns
  • Android SDK/ Studio & ADT
  • Activities, Fragments, and Intents
  • Security and permissions
  • Data Persistence and Content Providers
  • Location, Messaging and Device API
  • Networking and Web API
  • Process and Service Management
  • Google Play Submission
  • And more ....

SOFTWARE ENGINEERING FUNDAMENTAL ပြီးထားသူ (သို့) PROGRAMMING အခြေခံ ရှိထားပြီးသူများ တက်ရောက်နိုင်သည်။

ဖေဖော်ဝါရီ(၄) အတန်းသစ်စမည်

စနေ - တနင်္ဂနွေ နေ့လည် (၃) နာရီမှ (၅) နာရီ

သင်တန်းကာလ (၃) လ၊ သင်တန်းကြေး (၁) သိန်းခွဲ

ဆက်သွယ်ရန် ၀၉ ၇၃၁ ၆၅၉ ၆၂

06

Wordpress
ExpertCourse

ကွန်ပျူတာအခြေခံရှိသူ မည်သူမဆို Wordpress CMS ကို အသုံးပြု၍ Website များ ကိုယ်တိုင် တည်ဆောက်နိုင်စေရန် လေ့ကျင့် သင်ကြားပေးသည့် သင်တန်းဖြစ်သည်။ သင်တန်း ပြီးဆုံးပါက သတင်းမီဒီယာ Website များ၊ ကုမ္ပဏီနှင့် အဖွဲ့အစည်း Website များ၊ အစိုးရဌာန Website များ၊ Web Portal များနှင့် Ecommerce Website များ အပါအဝင် Website အမျိုးမျိုးတို့ကို ကိုယ်တိုင်တည်ဆောက်၍ ကျွမ်းကျင်စွာ စီမံနိုင်သည့် Web Master တစ်ဦး ဖြစ်လာမည်ဖြစ်သည်။

Domain Name Registration နှင့် Web Hosting Management လုပ်ငန်းများအထိ ကိုယ်တိုင် ဆောင်ရွက်နိုင်စေမည်ဖြစ်ပြီး အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။

  • Content Management
  • Reintroducing HTML/CSS
  • Custom Post Types & Taxonomies Management
  • Themes and Plugins
  • Premium Themes
  • Premium Plugins
  • Theme Development
  • Domain Name Registration
  • Web Hosting Management
  • WP Tips & Tircks
  • And more ....

ကွန်ပျူတာအခြေခံရှိသူ မည်သူမဆို တက်နိုင်သည်။ PHP အခြေခံရှိသူများနှင့် ပိုမိုသင့်တော်သည်။

ဖေဖော်ဝါရီ(၁၆) အတန်းသစ်စမည်

ကြာသပတေး - သောကြာ နံနက် (၈) နာရီမှ (၁၀) နာရီ

သင်တန်းကာလ (၃) လ၊ သင်တန်းကြေး (၁) သိန်းကျပ်

ဆက်သွယ်ရန် ၀၉ ၇၃၁ ၆၅၉ ၆၂